ရန်ကုန်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံမှ ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးမြန်မာက ပိုင်ရှင်အသစ်ထံသို့ လွှဲပြောင်းရန်ရှိနေချိန် ဝန်ထမ်း ၁၀၀ ကျော်ကို အာမခံ လိမ်လည်သည်ဟု စွပ်စွဲ၍ အတင်းအကျပ်အလုပ်ထုတ်လိုက်ပြီး လျော်ကြေးမပေးလို၍ အကြောင်းရှာ အလုပ်ထုတ်ခြင်းဖြစ်ကြောင်းအလုပ် ထုတ်ခံရသည့် ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင် ၂၉ ရက်န့် အော်ရီဒူးမြန်မာက ဝန်ထမ်းများထံမှ Insurance (အာမခံ) များကို ပြန်လည်တောင်းခံစစ်ဆေးကြောင်း၊ ယင်းနောက် မသမာမှုတွေ့ရှိ သည်ဟု ဆိုကာ ဝန်ထမ်းများကို အလုပ်မှ အတင်းအကျပ် ရပ်နားစေခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများက အာမခံ လုပ်ကြရာတွင် အာမခံကုမ္ပဏီက သတ် မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီစွာ လုပ်ဆောင်ခဲ့ကြကြောင်း၊ အာမခံကုမ္ပဏီ၏ အချက်အလက်ကို စစ်ဆေးပြီး မှန်ကန်သည့်အတွက် အာမခံကြေးငွေများ ပေးချေခဲ့ကြကြောင်း ဖြစ်ကြောင်း သိရှိရသည်။
“Ooredoo Contact Center ဝန်ထမ်းအားလုံးပဲ။ အာမခံထားတာက ၂၀၂၃ နဲ့ ၂၀၂၄ ကြားပါ။ Unlink Insurance ဘက်က မှန်ကန်ကြောင်း စစ်ဆေးပြီး ထုတ်ပေးပြီးသား ကိစ္စများကို အခုမှ Ooredoo ဘက်မှ ပြန်လည်စစ်ဆေးပြီး လုပ်တာပါ။ အခုက ပိုင်ရှင်သစ်လွှဲပြောင်းနေတဲ့ ကာလပါ။ ယူဆရတာကတော့ Owner အပြောင်းအလဲဖြစ်တဲ့အတွက် လုပ်သက်ကြာတဲ့ ဝန်ထမ်းများကို လုပ်သက်အလျောက် နစ်နာကြေး မပေးလိုတဲ့အတွက် Ooredoo Myanmar ၁၀ နှစ်ပြည့်ပွဲ ၈လပိုင်း မကျင်းပခင်မှာ အလုပ်ကနေ ရည်ရွယ်ချက်ရှိရှိ ထုတ် ပယ်ခဲ့တာ ဖြစ်ပါတယ်။ဒီကိစ္စကို တင်ကြားဖို့လုပ်နေပါတယ်” ဟု အတင်း အဓမ္မအလုပ်ထုတ်ခဲ့လိုက်ရသည့် ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဝန်ထမ်းများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်လာချိန်တွင်မှာ အာမခံ မသမာမှုဖြစ်သည်ဟုဆိုကာ အတင်းအကျပ်လက်မှတ်ထိုးခိုင်း၍ အလုပ် ထွက်စာတွင် လက်မှတ် တစ်ခါတည်းထိုးခိုင်းခြင်းဖြစ်ကြောင်း၊ လက် မှတ်မထိုးဘဲ ပြန်သည့် ဝန်ထမ်းများကိုလည်း ဆက်သွယ်ခြိမ်းခြောက်၍ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ လုပ်သက်ကြာသည့် ဝန်ထမ်းများကိုလည်း အာမခံ လိမ်လည်ဆိုသော အကြောင်းပြချက်ဖြင့် အလုပ်ထွက်ခိုင်းခြင်းဖြစ် ကြောင်း သိရှိရသည်။
“လက်မှတ်မထိုးပေးရင် တရားရုံးကနေ တိုင်စာပို့မယ်။ လူလိမ်ပါ ဆိုပြီးတော့ သက်ဆိုင်ရာကို အကြောင်းကြားမယ်ဆိုပြီးတော့ပါ။ ထုတ်တဲ့ အရေအတွက်ကတော့ Ooredoo Contact Center Mandalay မှာပဲ အယောက် ၇၀ လောက် ရှိပါမယ်။ အာမခံ ကုမ္ပဏီဘက်က အကြောင်းကြားတာမျိုးလည်း မရှိပါဘူး။ တခြားဌာနတွေရော ပါမယ်ဆို ၁၀၀ ကျော်လောက် ရှိပါမယ်။ အခုအခြေအနေကြောင့် Ooredoo Contact Center မှာ အရင် ၂၄ နာရီ Service ပေးရာက ဒီနေ့ ဇူလိုင် ၃၀ ကစပြီး နံနက် ၈ နာရီကနေ ည ၈ နာရီအထိပဲ Service ပေးဖို့ ပြောင်းလဲသွားပါတယ်။ Ooredoo ဘက်က အခုကိစ္စကို မပေါက်ကြားအောင် သိုသိုသိပ်သိပ်နဲ့ လုပ်ဆောင်နေတယ်” ဟု အတင်းအဓမ္မအလုပ်ထုတ်ခဲ့လိုက်ရသည့် ဝန်ထမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဝန်ထမ်းများ အလုပ်ထုတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး အော်ရီဒူးမြန်မာကုမ္ပဏီ တာဝန်ရှိသူများထံသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း တာဝန်မရှိဟုဆိုကာ အဆင့်ဆင့် လွှဲပြောင်း နေကြသဖြင့် ကုမ္ပဏီဘက်မှ အသံကို ရယူနိုင်ခြင်းမရှိပေ။
အူရီဒူးမြန်မာ သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဩဂုတ်လ မှစတင်၍ ဝန်ဆောင်မှု ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် စင်ကာပူအခြေစိုက်လုပ်ငန်းကုမ္ပဏီဖြစ်သည့် Nine Communications Pte ထံသို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့်ရောင်းချခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar