ရန်ကုန်၊ ဇူလိုင် ၃၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်သဖြင့် ငွေကျပ် သိန်း ၃၀ ချီးမြှင့်ကြောင်း Southern YSO PDFမှ တာဝန်ခံ အောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန် စကစ စစ်ဆေးဂိတ်တွင် တာဝန်ကျထမ်းဆောင်နေသော ပြည်သူ့စစ် တစ်ဦးဖြစ်သော ကိုရဲနီ အသက် ၂၄ နှစ်သည် Southern YSO PDF အဖွဲ့ထံသို့ MA3 တစ်လတ် ၊ ကျည်ဘောက်တစ်ခု၊ကျည် ၂၀ နှင့်အတူလက်နက်အပ် အလင်းဝင်လာကြောင်း သိရှိရသည်။
အလင်းဝင်လာသော ပြည်သူ့စစ် (ခေါ်) ပျူစောထီး ကိုရဲနီကို ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၃၀ ချီးမြှင့်ပြီး အဆိုပါ ပြည်သူ့စစ် ရဲဘော်ကို လွတ်မြောက်ရာဒေသသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း၊ စစ်ကောင်စီအတွက် အသက်ပေး ၊ ဘဝပေး လက်နက် ကိုင်နေကြသော ရဲဘော်များ အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန် Southern YSO PDF အဖွဲ့အနေဖြင့် နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင် ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး MA3 သေနတ် ၁ လက်ဖြင့် အလင်းဝင်လာခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အခြားသော ၃ ပွင့်ဗိုလ်ကြီးတစ်ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရရှိထားကြောင်း Southern YSO PDF အဖွဲ့ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar