မိုးမိတ်မြို့နယ်ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ပြီးလျှင် တတိယမြောက် သိမ်းပိုက်ရရှိသော မြို့နယ်ဖြစ်
ရန်ကုန်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို TNLA ဦးဆောင်သော တော်လှန် ရေး တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးမိတ်မြို့နယ်ကို TNLA က စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွာပြီး ၃၆ ရက်အကြာ ယနေ့ နံနက် ၁၁ နာရီအချိန် နောက်ဆုံးကျန်ရှိသော မိုးမိတ်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
“ဒီနေ့ ၁နာရီမှာ မိုးမတ်မြို့နယ် တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု TNLA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိုးမိတ်မြို့နယ်တွင် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈ တပ်ရင်း၊ ခလရ ၂၇၆ တပ်ရင်းနှင့် ခလရ ၂၂၃ တို့ အခြေစိုက်ထားခြင်းဖြစ်သည်။
မိုးမိတ်မြို့နယ်သည် TNLA က သိမ်းပိုက်ရရှိသော တတိယမြောက်မြို့နယ်ဖြစ်ပြီး နောင်ချိုနှင့်မိုးကုတ်မြို့နယ်တို့ကို ရှေ့တွင် သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။
မိုးမိတ်မြို့နယ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုနှင့်ပတ်သက်သော စစ်သားသေဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများကို အသေးစိတ် ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။