ဒီကနေ့ ဩဂုတ် ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအရ ရွေးကောက်ပွဲကို အပိုင်း လိုက်ခွဲပြီး လုပ်သွားမယ်လို့ ပြောလာပြန်တဲ့အပြင် ၊မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုး၊ နောင်ချို၊ မိုးကုတ် ၊ ကျောက်မဲ နဲ့ သီပေါ မြို့တွေကို စစ်တပ်ကလုံခြုံရေး အရှိန်အဟုန်မြှင့်မယ်ဆိုပြီး မင်းအောင်လှိုင်က ကာလုံအဆစည်းအဝေးမှာ ပြောသွားပြန်တယ်လို့ သိရပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က လားရှိုးလေယာဉ်ကွင်းကို MNDAA နဲ့ မဟာမိတ်ပူးပေါင်း တပ်တွေ သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာထဲမှာ မဟာမိတ် တပ်တွေ အလုံးအရင်းနဲ့ ရောက်ရှိနေပြီလို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်ရဲ့ ဘတ်ဂျတ်လိုငွေ ပြနေတဲ့အချိန်မှာပဲ သူ့လက်အောက်ခံ ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေ အားလုံးကို ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့ကစပြီး လစာ ကျပ် ၃ သောင်းစီ တိုးမြှင့်ပေးလိုက်တဲ့အတွက် တစ်လကို ငွေကျပ်ဘီလီယံပေါင်း ၄၅၀ ထပ်တိုးသုံးစွဲရတော့မယ့် သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar