ရန်ကုန်၊ ဩဂုတ် ၁
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရှမ်းသူငယ်ကျေးရွာမှ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Kyaukse Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြစ်သားမြို့နယ်၊ ရှမ်းသူငယ်ကျေးရွာ အကြမ်းဖက် စစ်တပ်ခန့် လက်နက်ကိုင် အုပ်ချူပ်ရေးမှူး ဝင်းမောင်သည် မြစ်သားမြို့ ရဲစခန်းမှ နေအိမ်ကို ပြန်လာစဉ် ရှမ်းသူငယ်ရွာအနီး တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီကောင်က နေရာမှာပဲ သေသွားတယ်။ မစ်ရှင်လုပ်တဲ့ ရဲဘော်တွေရဲ့ ပြောချက်အရ အတည်ပြုနိုင်ပါတယ်။ ဒီကောင်က တော်တော်ဆိုးတယ် သူ့နယ်ပယ်မှာ တစ်ရွာလုံးကို လော်စပီကာနဲ့ စိန်ခေါ်တယ် စစ်ကောင်စီက သူ့ကို လက်လုပ် ပစ္စတို ၁ လက်တပ်ဆင် ပေးထားတယ်။ အခြေနေတစ်ခုကြောင့် ဒီကောင့်ရဲ့ ပစ္စည်းတွေကို မသိမ်းဆည်း နိုင်လိုက်ပါဘူး။ မြစ်သားမြို့ ရဲစခန်းကနေ ပြန်လာတဲ့အချိန် သူ့ရွာနားအရောက်မှာ ရှင်းလင်းလိုက်တာပါ” ဟု Kyaukse Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဆက်လက်၍ ကျောက်ဆည် ခရိုင်အတွင်းရှိ အုပ်ချူပ်ရေးမှူးများ မနှုတ်ထွက်ဘဲ အကြမ်းဖက် စစ်ကောင်စီ အလိုကျ ဆောင်ရွက်ပြီး ပြည်သူများကို အနိုင်ကျင့်နေမည် ဆိုပါက ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူနှင့် ပူးပေါင်းကြရန် မေတ္တာရပ်ခံကြောင်း Kyaukse Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar