26 C
Yangon

ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် မြန်မာစစ်တပ်ကို ကူညီပေးနေမှုများ ရပ်တန့်ပေးရေး ဆန္ဒဖော်ထုတ်

Must read

ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် မြန်မာစစ်တပ်ကို ကူညီပေးနေမှုများ ရပ်တန့်ပေးရေး ဆန္ဒဖော်ထုတ်

ရန်ကုန်၊ ဩဂုတ် ၂

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများအပါအဝင် မြန်မာ့အရေးထောက်ခံအားပေးသည့် ဂျပန်လူမျိုးများက အကြမ်းဖက် မြန်မာစစ်တပ်ကို ကူညီပေးနေမှုများ ရပ်တန့်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာပြည်သူများ​၏ သဘောထားဆန္ဒအား ထင်ဟပ်စေမည့် တောင်းဆိုစာကို တရုတ်ကွန်မြူနစ်အစိုးရထံ ပေးပို့ခဲ့ပြီး တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုအပေါ် အလေးသာစေမည့် နိုင်ငံရေးထောက်ခံမှုမျိုး မလုပ်ရန်နှင့် မြန်မာ့အရေးတွင် ဝင်ရောက်နှောက်ယှက်ကာ တိုင်းရင်းသားလက်နက်အင့်အားစုများ၊ တော်လှန်ရေးအင်အားစုများအပေါ် ဖိအားပေးဆောင်ရွက်နေမှုများ ရပ်တန့်ရန်၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ​၏ ဆုံးဖြတ်ချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကာ မြန်မာပြည်သူများ​၏ သဘောထားဆန္ဒအား လေးစားရန် အလေးအနက်ကြွေးကြော် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article