26 C
Yangon

ကျောက်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်း ဖြတ်သွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် ပြည်သူစစ် အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျောက်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်း ဖြတ်သွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် ပြည်သူစစ် အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၃

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်း ဖြတ်သွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် ပြည်သူစစ် အဖွဲ့ဝင် ၁ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ KRA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်ဆည်မြို့မှ တံတားဦးကို သွားရောက်မည့် စစ်ယာဉ်တန်း ဖြတ်သန်းသွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် အောင်မြိုင်သည် ပွတ္တိုင်ကျေးရွာရှိ ၎င်းနေအိမ်ကို ပြန်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် အောင်မြိုင်သည် ဒုအရာခံဗိုလ် ၁ ဦး ဖြစ်ပြီး ပင်စင် ရယူပြီးနောက် စစ်တပ်က ပြန်‌ခေါ်၍ အကြမ်းဖက် စစ်တပ် သတင်းပေးအဖြစ် ပြည်သူ့စစ် အဖွဲ့ဝင် ပြန်လည် ခန့်အပ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲခွေးက အရင်က ဒုအရာခံဗိုလ် ပင်စင်နဲ့နားသွားတာ အခုမှ စစ်တပ်က ပြန်ခေါ်တော့ ပြည်သူ့စစ်တပ်သား အမာခံလုပ်နေတာ ဒီကောင်က ကျောက်ဆည်ကနေ တံတားဦးကို စစ်ခွေးယာဉ်တန်းဖြတ်ဖို့အတွက် ရှေ့ပြေးခြေလျင် မိုင်းတွေရှိမရှိ တစ်ယောက်ထဲလာရှာတာပါ။ စစ်ကားတန်းကတော့ တံတားဦးကို မောင်းနှင်သွားပြီ ဒီစစ်ခွေးအိမ်ပြန်မှာပဲ ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား ဆောင်ရွက်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ တသားထဲ နေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စစ်တပ်ထောက်တိုင်တွေကို ပြောချင်တာက ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခင်များတို့ရဲ့ အရိပ်တွေလို တကောက်ကောက်လိုက်နေတယ်ဆိုတာလေးပဲ သိစေချင်ပါတယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ KRA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့KRA နှင့်အတူ ကျောက်ဆည်KDDF နှင့် ကျောက်ဆည်ဒေါင်းမင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article