27 C
Yangon

လားရှိုးမြို့အကျဉ်းထောင်မှ တအောင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံ လွှဲပြောင်း ပေးအပ်

Must read

လားရှိုးမြို့အကျဉ်းထောင်မှ တအောင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံ လွှဲပြောင်း ပေးအပ်

ရန်ကုန်၊ ဩဂုတ် ၃

လားရှိုးမြို့ အကျဉ်းထောင်မှ တအောင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် လားရှိုးမြို့ အကျဉ်းထောင်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ၏ အကျဉ်းထောင်တွင် အကျဉ်းကျ နေရသော တအာင်းအမျိုးသား အကျဥ်သား ၁၁၈ ဦးကို ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA က ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ကိုးကန့် တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယားကို ဖယ်ရှား တိုက်ဖျက်ရေး တိုက်ပွဲ ဆင်နွှဲရာတွင် လားရှိုး အကျဉ်းထောင်ကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လွှဲပြောင်း ပေးအပ်ခဲ့သည့် အကျဉ်းသား ၁၁၈ ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူအကျဉ်းသား (၅)ဦး၊ မသင်္ကာမှုဖြင့် (၁၅)ဦး၊ လောင်းကစားမှုဖြင့် (၁)ဦး၊ အရေးပေါ်ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် (၃)ဦး၊ ရဲပြေးမှုနှင့် လဝက အမှု (၄) ဦး၊ ဓါးပြတိုက်မှု (၂) ဦး၊ ရဲစီးမှု (၁) ဦး၊ လူကုန်ကူးမှု (၂) ဦး၊ မူးယစ်မှု (၈၆) ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာန က လက်ခံ နေရာချမှတ်ပေးထားပြီး သက်ဆိုင်ရာအမှုအသီးသီးကို ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးခြင်း၊ ​ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူခြင်းစသည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ပြီး ဖြစ်သော်လည်း သက်ဆိုင်ရာမိသားစုထံနှင့် PSLF/TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံအကျဥ်းသားများလည်း မိသားစုထံပြန်လည် ရောက်ရှိနိုင်ရေးအတွက် မဟာမိတ် MNTJP/MNDAA ထံ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article