26 C
Yangon

ရေဖြူမြို့ တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရေဖြူမြို့ တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့ တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း YePhyu People Defence Force – YPPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့ တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စစ်ဆေးရေးဂိတ် နှင့် ဘုရားမဲ စစ်ဆေးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါ ၊ ၆၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၃ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ ပြည်သူတွေအနေနဲ့ကတော့ အရင်ကာလတွေကထက်တော့ သတိပို ရှိစေချင်ပါတယ်။ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေတဲ့အတွက် စစ်ရေးပစ်မှတ်တွေနဲ့ နီးနီးကပ်ကပ် မနေကြဖို့ကိုပဲ တိုက်တွန်းချင်တယ်” ဟု YePhyu People Defence Force – YPPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) )၊ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ခွဲ (၂)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁)၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ဘီလုံးပျောက်ကျားအဖွဲ့နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ADin Hmue – Dawei (ထားဝယ်-ပကဖ)၊ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့- DGRF (ထားဝယ်-ပကဖ) ပူးပေါင်းပါဝင်သော “သာဂရစစ်ကြောင်း” တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article