26 C
Yangon

ကွတ်ခိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကွတ်ခိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၅

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကပြောဆိုသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဒေသပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ မြို့မစျေးရှိ ဆိုင်ခန်းများ အပါအဝင် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်၏ ကင်းထောက် လေယာဉ်ပျံဝဲ ပြီးနောက် ယနေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၃ နာရီ ၁၁ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံ တစ်နေရာ၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသား ၃ ဦးနှင့် မြို့လယ်တွင် နေထိုင်သည့် ဒေသ ပြည်သူ ၂ ဦး စုစုပေါင်း ၅ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗုံးကျ ရောက်ပေါက်ကွဲမှုကြောင့် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြိုမစျေးရှိ ဆိုင်ခန့်တချို့လည်း မီးလောင်သွားကာ PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း MNDAA အုပ်ချုပ်နေသည့် သိန္နီမြို့တွင်ရှိ စျေးအတွင်း လူစည်ကားနေချိန် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၇ ဦး သေဆုံးသွားခဲ့ပြီး လောက်ကိုင်မြို့ကိုလည်း မကြာခဏ လေကြောင်းအသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article