27 C
Yangon

ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ နာရေးကား ၂ စီးဖြင့် စစ်သား အလောင်းများ သယ်သွား

Must read

ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ နာရေးကား ၂ စီးဖြင့် စစ်သား အလောင်းများ သယ်သွား

ရန်ကုန်၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ်တန်းနှင့် ကင်းပုန်းများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ နာရေးကား ၂ စီးဖြင့် စစ်သား အလောင်းများ သယ်သွားကြောင်း Phoenix Wings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်မှ စတင်၍ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရွှေဘိုမှ ကျောက်မြောင်းကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် ထောက်ပို့ ယာဉ် ၃ စီးကို လမ်းခုလတ်တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး လမ်းဘေး ထိုးကျခဲ့ကြောင်းသိရသည်။

ထို့ပြင် ယာဉ်တန်း ဖြတ်သန်းမည့် လမ်းကြောင်း တစ်လျှောက်တွင် ကင်းပုန်းဝတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ မနက်မှာတော့ရွှေဘိုကို နာရေးကား ၂ စီး နဲ့ စစ်ခွေး အလောင်းတွေ သယ်တယ်လို့ သိရတယ်။ စစ်ခွေးတွေက အင်အား ၇၀ ကျော်မယ်။ မသေရင်တောင်အနည်းဆုံး ဒဏ်ရာရတဲ့သူများမယ်။ အုပ်စုဖွဲ့ ထိုင်နေတဲ့ ဘေးနားတွေ ကျတာဆိုတော့ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု Phoenix Wings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix Wings အဖွဲ့နှင့် မဟာမိတ်များဖြစ်သော -BLACK WOLF-ARMY နှင့် ခင်ဦး ရင်း ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article