33 C
Yangon

ကျောက်မဲမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်

Must read

ကျောက်မဲမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန်တပ်စခန်းဖြစ်သော စကခ-၁ ၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းကုန်း အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က Y12 ဖြင့် ဗုံး ၉၆ လုံး၊ ပတ္တမြားစေတီအနီးတဝိုက်ကို Y12 ဖြင့် ဗုံး ၂ လုံး နှင့် Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ Jet Fighter ဖြင့် ဗုံး ၇ လုံး ပြည်သူများကို ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ် ကန်ကြီးရွာကိုလည်း Jet Fighter ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article