33 C
Yangon

စဉ့်ကူးမြိုနယ်၊ လက်ပန်လှရွာကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ စာသင်ကျောင်း ၊ဆေးရုံနှင့် ဈေးဆိုင်များ ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၆

မန္တလေးတိုင်း၊ စဉ့်ကူးမြိုနယ်၊ လက်ပန်လှရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း စဉ့်ကူးမြိုနယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြိုနယ်၊ လက်ပန်လှရွာ ငြိမ်းချမ်းအောင်ရပ်ကွက်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ရှိ စာသင်ကျောင်း (မူလတန်းကျောင်းခွဲ) ၊ သစၥာဆေးရုံ (ပုဂ္ဂလိက) ၊ စျေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထိုပြင် ကျောက်မြောင်းမြို၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း ၁၂ဝ မမ လက်နက်ကြီးများဖြင့်ခြင်းကြောင့် လက်နက်ကြီးကျည် ၄ လုံး ကျရောက် ပေါက်ကွဲကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article