26 C
Yangon

ရေဦးနှင့် မြင်းမူ မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

ရေဦးနှင့် မြင်းမူ မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် မြင်းမူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် ရေဦးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့် တပ်စွဲထားသော ရေဦးမြို့ မူးမြစ်ကူး တံတားအနောက်ဘက်ကို ဗိုလ် ရုက္ခစိုး ဦးဆောင်သော Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လ ၅ ရက်နေ့တွင် ရေဦးမြို့နယ် တောင်ဘက်ရှိ၊ မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဗိုလ် ရုက္ခစိုး ဦးဆောင်သော Wolf Guerrilla LDF Ye.U Air Force အဖွဲ့က လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီး ၁၂၀ မမ၊ ၆၀ မမ နှင့် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၄ ရက်နေ့တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားရှိ ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၉ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PEACOCK DRONE TEAM-MYAUNG ၊ STANDARD REVOLUTION FORCE SRF-MMU နှင့် မိုင်းမင်းသား အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article