26 C
Yangon

ချောင်းဦးမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

Must read

ချောင်းဦးမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့မ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးတို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်ပျူစောထီး အင်အား ၈၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး‌သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ဒရုန်း ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြံတိုင်းအောင်စစ်ဆင်ရေး အဖြစ်ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး peacock Drone team -Myaung ၊ Standard Revolution Force-SRF MMU ၊ မိုင်းမင်းသား (အရာတော်) တို့နှင့်အတူ ချောင်းဦးမြို့နယ် ပကဖ (C H U) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article