32 C
Yangon

ချောင်းဦးမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံး

Must read

ချောင်းဦးမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စခန်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စခန်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့မ ရဲစခန်းနှင့် မီတာ ၁၂၀ ခန့်အကွာတွင် လမ်းသွား လမ်းလာ ပြည်သူများကို ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စခန်းမှူး ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးပြီး ကျန်ရဲ ၁ ဦးမှာ ခြေတောက်ပြတ်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၁၅/၃ (ဗိုလ်နိုင် -လေပွေမုန်တိုင်း တပ်ခွဲ) က ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article