27 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်နိုင်ငံသားများ အမြန်ဆုံး ပြောင်းရွှေ့ထွက်ခွာကြရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၇

လားရှိုးမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံးပြောင်းရွှေ့ ထွက်ခွာကြရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့တွင် သတိပေး ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လားရှိုးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေမှာ တင်းမာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးတို့သို့ သတင်းပေးပို့ကြရန်၊ စိုးရိမ်ရသည့် လုံခြုံရေး အခြေအနေများကြောင့် ဖြစ်နိုင်လျှင် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာကြရန် တရုတ်သံရုံးက သတိပေးသည်။

အလားတူ တရုတ်နိုင်ငံသားများအနေဖြင့် အ‌ရေးပေါ်အခြေအနေ ကြုံလာရပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးတို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လတ်တလော မြန်မာအကြမ်းဖက်စစ်ကောင်စီနှင့် စစ်တပ်လိုလားသူများက ရှမ်း မြောက်ပိုင်း တိုက်ပွဲများတွင် တရုတ်နိုင်ငံက နောက်ကွယ်မှ ပါဝင်သည်ဟုဆိုကာ တရုတ်နိုင်ငံကို ဦးတည်သော တိုက်ခိုက်မှုများ၊ ဆန္ဒပြမှုများကို တောက် လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article