27 C
Yangon

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ရာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

Must read

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ရာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

ရန်ကုန်၊ ဩဂုတ် ၇

မကွေးတိုင်း မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ရာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း BLDF စစ်ဒေသ ၁ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးနှင့် Pakokku People Defense Force -PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၇ ရက်နံနက် ၄ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမ ကျေးရွာရှိ စာသင်‌ကျောင်း၊ ရေစက်တို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ရာ ယနေ့ နံနက် ၄ နာရီ မှ ၇ နာရီထိ တိုက်ပွဲ ၁ ကြိမ် ၊ နံနက် ၉ နာရီမှ ၁၁ နာရီ အထိ တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမရွာ အနီးဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲခဲ့သော နေရာများကို ရှင်းလင်းရေး ပြုလုပ်နေကြောင်း သိရှိရသည်။

” တိုက်ပွဲစဖြစ်တဲ့ နေ့ကတော့ စစ်ခွေး ၄ ကောင်လောက်သေတယ်။ နောက်ရက် တစ်ရွာကနေ လာရောက်ပူးပေါင်းတဲ့ ခွေးစစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့တယ်။ ဒီနေ့ကျတော့ ခွေးတွေအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားတာ” ဟု BLDF စစ်ဒေသ ၁ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးပြောဆိုသည်။

ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမကျေးရွာရှိ ရေစက်စောင့် စစ်သားများကို ဩဂုတ်လ ၃ ရက် နေ့က တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်းတွင် တစ် ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လ ၄ ရက် ၊ ဩဂုတ်လ ၅ ရက်နေ့တို့တွင် ဆက်လက် ဖိအားပေးတိုက်ခိုက်ခဲ့သည့် အပြင် သရက်ကန်ရွာဘက်မှ တက်လာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက် ဟန့်တားခဲ့ပြီး ကိုင်းတောမကျေးရွာမှ စစ်သား၊ ရဲများမှာ ခံနိုင်ရည်မရှိတော့ဘဲ ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် စခန်းခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ စခန်းစွန့်ပြေးကြတာ၊ ကိုင်းတောမရဲစခန်းမှာလည်းမရှိတော့ဘူး။ ရေစက်တွင်းက စစ်ခွေးတွေ လည်းမရှိတော့ဘူး။ အခုက သရက်ကန်ဘုန်းကြီးကျောင်းမှာ သွားပေါင်းနေကြတယ်လို့ သိရတယ်။ စခန်းစွန့်သွားတဲ့ စစ်ခွေးတွေကို လိုက်တိုက်တာမှာ လက်နက်ခဲယမ်းအချို့တော့ ရလိုက်သေးတယ်။ ရဲစခန်းနဲ့ ကိုင်းတော့မရွာကို ဝင်ပြီး နယ်မြေရှင်းလင်းမှုတွေလုပ်နေပါတယ်” ဟု Pakokku People Defense Force -PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – PDA၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – SRF ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PLA –(အမှတ် ၈၁၅ တပ်ဖွဲ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး- BLDF ၊ Lighting Drone Force ၊ ပခုက္ကူစုဖွဲ့မှု (YoungForce.PPDF.ThuRain.HunterPakokku. Earthquake) ၊ အ ညာမြေတပ်ပေါင်းစု ၊ မြိုင်မြိုနယ်မှ တော်လှန်ရေးအဖွဲ့များ ၊ မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၄ ၊စင်္ကြာ အဖွဲ့၊ ပေါက် ပလဖ နှင့် Justice Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article