ရန်ကုန်၊ ဩဂုတ် ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာတိုးဂိတ်အနီး၌ ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ထန်းလုံးမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – South Monywa မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၆ နာရီ ၅၁ မိနစ်တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာပြီး မုံရွာတိုးဂိတ်အနီး၌ လမ်းသွားလမ်းလာပြည်သူများကို တားဆီး စစ်ဆေးကာ ဆက်ကြေးကောက် အနိုင်ကျင့်နေသော စစ်သားများကို အသင့်ပြင်ဆင်ထားသော ထန်း လုံးမိုင်းအကြီး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်အားက ၃၀ လောက်ရှိတယ်။ နေစဉ်လာပြီး လမ်းသွားလမ်းလာတွေကို တားဆီးအနိုင့်နေကျဖြစ် လို့ သူတို့ စုဖွဲ့တတ်တဲ့နေရာမှာ ကြိုတင်မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ သေဆုံးဒဏ်ရာရ စခတွေ ကို Jammer ကားနဲ့ မြပုလဲဂိတ်ကို ပြန်သယ်သွားတယ်လို့ သိရတယ်။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိပေမယ့် ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ ဟု People’s Defence Force – South Monywa မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa နှင့် Youth Vigor Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြ်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ကပဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစ ခန်းမှ ရိက္ခာပို့ပြီး ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ရင်းသို့ ပြန်လာသော အင်အား ၄၀ ရှိ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီအချိန် သဲပုံအရှေ့ရွာနှင့် မြေဖြူ ကျင်းကျေးရွာကြား အရောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်ကြောင်းမှ ဇီးတော ပျူရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
“လင်းကတော နယ်မြေရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာတာ။ ခလရ ၂၅၆ တပ်ရင်းကပဲ။ လင်းကတော ရဲစခန်းကနေ ထွက်လာတော့ ည ၂ နာရီထိုးလောက်မှာ ထွက်လာတာ။ ထွက်လာတော့ ကျနော်တို့ ကလည်း ညကတည်းက လိုက်ဝိုက်ပြီးတော့ လင်းအားကြီးလောက်မှာ တိုက်ပွဲစဖြစ်တာ၊ မနက် ၈ နာရီလောက်မှပေါ့။ ၄ ဦးက အပြင်းအထန် ဒဏ်ရာရပဲ ရှိတယ်။ သေတော့ မသေဘူး။ တိုက်ပွဲဖြစ်ပြီး တော့ ဇီးတောပျူရွာထဲကို ဝင်သွားတာ။ အခုထိတော့ အဲဒီမှာပဲ ရှိ အုံးမယ်၊ တပ်ထဲဝင်သွားတယ် လို့တော့ မကြားမိသေးဘူး။” ဟု ရေစကြို ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar