28 C
Yangon

လောင်းလုံးမြို့နယ်အတွင်း ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၈

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး ၃၆ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားကို ဩဂုတ်လ ၈ နေ့တွင် ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို “ကမ္ဘာမကြေဘူး” သီချင်းနှင့် ဖွင့်လှစ်ခဲ့ပြီးနောက် သမဂ္ဂခွပ်ဒေါင်းအလံတော်နှင့် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်းများကို အလေးပြုခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသား ဦးထဝီးက ရှစ်လေးလုံးအရေးတော်ပုံ အတွေ့အကြုံကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့ပြင် ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၆ နှစ်မြောက်အထိမ်းအမှတ် DDMSC ၏ ကြေညာချက် ဖတ်ကြားခြင်း၊ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာများကိုဖတ်ကြားခြင်း၊ တော်လှန်ကဗျာများရွတ်ဆိုခြင်းတို့ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article