27 C
Yangon

ရေစကြိုမြို့ နှင့် ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရေစကြိုမြို့ နှင့် ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဩဂုတ် ၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာ ကားလမ်းပေါ်တွင် အထိုင်ကျ တပ်စွဲကာ စစ်ဆေးရေးဂိတ်စခန်းဖွင့်ထားသည့် အကြမ်းဖက်စစ်သား များကို Southern YSO PDF ဦးဆောင်ပြီး မဟာမိတ်အဖွဲ့ဖြင့် ၆၀ မမ လက်နက်ကြီး၊ စက်လတ်၊ စက်ကလေးများ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း လက်နက်ကြီးကျည် ၃ လုံး တိုက် ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်းသိရသည်။

“ပထမ လက်နက်ကြီးတစ်လုံးပစ်တော့ သူတို့ဂိတ်အထဲထဲကို တည့်တည့်ကျသွားတာ၊ အဲဒီအချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ နောက်ထပ် ဒုတိယအလုံးနဲ့ တတိယအလုံး ထပ်ပစ်တဲ့အချိန်မှာ ဘာမှကို ပြန်မပစ်နိုင်တော့ဘူး။ ပြီးတော့မနေ့က မနက် ၈ နာရီခွဲလောက်ကျ တော့ ဂိတ်စခန်းနားမှာ ကောက်မရတဲ့ အလောင်းတွေကို မီးရှို့တယ်။ သေဆုံးမှုကတော့ ရှိပါတယ်။ အတိအကျသာ မသိရတာ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းသည် ဩဂုတ်လ ၆ ရက် ည ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ယင်းအကြမ်းဖက် စစ်တပ် ဂိတ်အတွင်းရှိ စစ်သားများက မူရူးသောက်စားကာ ထန်းငယ်တောကျေးရွာဘက်သို့ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အ တွင်းရှိ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ မိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ စပါးဒိုင်ကွင်းဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံဂကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၉ နာရီခန့်က ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အ ဖြစ် ရေဦးမြို့၊ စပါးဒိုင်ကွင်းဟောင်း၌ စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို Fixed Wings Drone ဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF ဒရုန်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ခွန်အားရှိသမျှမဆုတ်မနစ်ကြိုးစားတိုက်ခိုက်လျက် ရှိကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article