26 C
Yangon

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ သကျက်၊ တောင်ဘိန်း၊ ဆင်ခေါင်းဘုရားတောင်နှင့် ဂဏန်းကွင်း ရွာများကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်ဖြစ်ပြီး ယနေ့ချိန်တွင် စားသောက်ကုန် သယ်ယူခွင့်ကို အကန့်အသန့်ဖြင့် သယ်ယူနေရသည့်အပြင် ရေဘေးဒဏ်ကိုလည်းခံထားရတဲ့မြို့နယ်ဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဖြင့် ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဒေသ ပြည်သူများသည် စိုးရိမ်ပူပန်များရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article