27 C
Yangon

ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

Must read

ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (AD) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့ ညနေ ၃ နာရီမှ ည ၉ နာရီခွဲ အချိန်ခန့်ထိ ရေးမြို့နယ်၊ ကမော့ကနင် ကျေးရွာ အခြေချ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၁၀၆ နှၚ့် ခမရ ၅၈၈ ပူးပေါင်း အင်အားဖြည့်ထားသည့် အင်အား ၁၂၀ ခန့်တို့သည် မြို့ဟောင်းကျေးရွာသို့ ဝင်ရောက် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ကျွန်တော်တို့ဘက်က ပစ်တဲ့အနေအထားပါ”ဟု မွန်ပြည်သစ်ပါတီ(AD) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ(AD)၊ YPDF ပူးပေါင်းတပ်ဖွဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ YPDF ရဲဘော် ၁ ဦး ကျဆုံးသွားခဲ့ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ယနေ့ သြဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မြို့ဟောင်းကျေးရွ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article