28 C
Yangon

မူးနှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး ပြည်သူ ၃ ဦး ဖမ်းဆီးသွားကာ နေအိမ်များ ပျက်စီး

Must read

မူးနှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး ပြည်သူ ၃ ဦး ဖမ်းဆီးသွားကာ နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် နှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး ပြည်သူ ၃ ဦး ဖမ်းဆီးသွားကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

မူးမြို့နယ်အတွင်း ဩဂုတ်လ ၄ ရက်နေ့ ည ၇ နာရီ ၄၈ မိန်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဇရပ်ကြီး အခြေစိုက် ခလရ-၇၃ မှ နေ၍ ၁၂၀မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ရာ သပြေညွန့်ကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ည ၇နာရီ ၅၇ မိနစ်ခန့်တွင် ၁၂၀ မမ ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ကျောက်ကြီးပေါက်ရွာ‌ဘေးကို ကျရောက်ပေါက်ကွဲကာ ကျေးရွာ ကိုယ်ထူကိုယ်ထ လျှပ်စစ်ရုံးကို ထိမှန် ပျက်စီးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဇရပ်ကြီး အခြေစိုက် ခလရ-၇၃ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက ဇူလိုင်လ ၂၁ ရက်နေ့တွင် ရွှေပြည်သာ ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်သက်ဝေအောင်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျောက်ကြီးပေါက်ရွာနေ အသက် ၆၀ နှစ် အရွယ် ဦးတင်နိုင်နှင့် ရွှေပြည်သာကျေးရွာနေ အသက် ၃၇နှစ်အရွယ် ဦးချစ်မင်းသူ တို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများသည် ဇရပ်ကြီးသို့ ဈေးသွားဝယ်စဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ လယ်ဒိုမြို့နယ်အတွင်း ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဥ့်အိုးလှရွာမှနေ၍ တလိုင်းခင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် တလိုင်းခင်ကျေးရွာရှိ နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ ည ၇နာရီ ၂၀မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်သည် ကုန်းမြင့်သာယာ စခန်းကုန်းမှ လက်နက်ကြီး ၁၂၀ မမ ၂ လုံးပစ်ခတ်ခဲ့ရာ ဘုရားကြီး ကျေးရွာရှိ ဒေါ်ခင်အုံးမြင့် နေအိမ်ကို ထိမှန်၍ နေအိမ်နံရံနှင့် အိမ်တံခါးမှန် ပျက်စီးကာခဲ့ကြောင်း၊ တီးစောဘွဲထူး၏ နွား နှင့် စောဆဲနေထူး၏ နွားတို့လည်း ထိမှန်ခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article