27 C
Yangon

လားရှိုးတွင် သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က ရှာတွေ့ရှိပြီး ကယ်တင်

Must read

လားရှိုးတွင် သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က ရှာတွေ့ရှိပြီး ကယ်တင်

ရန်ကုန်၊ ဩဂုတ် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်အတွင်းရှိ ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင်ဆေးကုသပေးထားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

သြဂုတ် ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာတွင် ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်သည် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရ စစ်သားများသည် ဘန်ကာအောက်တွင် ပုန်း အောင်းကာ ရှင်သန်နေသေးကြောင်း၊ ၎င်းတို့သည် ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း ၊ ဒဏ်ရာရရှိခဲ့သော စစ်သား ၁၃ ဦးသည် မြောက်ပိုင်းမဟာမိတ်တပ်က ကယ်တင်နိုင်ချိန်တွင် တချို့ကသေလုမြောပါး နေပြီဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် MNDAA တပ်ဖွဲ့က ဘန်ကာထဲမှ ဒဏ်ရာရရှိသူများကို ကျန်းမာ ရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ဒဏ်ရာများကို ဆေးကုသမှု ပေးရန် နောက်တန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ နိုင်ငံတကာဥပဒေများအရ စစ်ပွဲအတွင်း နှစ်ဖက်စလုံးသည် ဖျားနာ ဒဏ်ရာရသူများ၊ စစ်သုံ့ပန်းများနှင့် အရပ် သားများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုနှင့် အကာအကွယ်ပေးရန် တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို အကာ အကွယ် ပေးရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း MNDAA က ဆိုသည်။

MNDAA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို အမြဲလက် ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားများနှင့်စစ်သုံ့ပန်းများအတွက် သက် ဆိုင်ရာ ဦးစားပေး ဆက်ဆံမှု မူဝါဒများ ချမှတ်ကာ စစ်သုံ့ပန်းများကို အကာ အကွယ်ပေးလျက်ရှိကြောင်း၊ သို့ရာတွင် အကြမ်းဖက် မင်းအောင် လှိုင် ၏ အာဏာသိမ်းစစ်တပ်က တိုက်ပွဲအတွင်း ဒဏ်ရာရ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များကို အကာအကွယ် မပေးနိုင်ရုံသာမကဘဲ ယုတ်မာသော လေ ကြောင်း တိုက်ခိုက်မှုများနှင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် နိုင်ငံ၏ စစ်အင်အားကို အားကိုးအားထားလျက်၊ စစ်မဟုတ်သောနယ်မြေများနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း၊ မရေမတွက်နိုင်သော အရပ်သားများ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article