27 C
Yangon

အခေါက်ရွှေတစ်ကျပ်သား ၇၅ သိန်းဝန်းကျင်အထိ စံချိန်တင် စျေးတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ရှိနေ

Must read

အခေါက်ရွှေတစ်ကျပ်သား ၇၅ သိန်းဝန်းကျင်အထိ စံချိန်တင် စျေးတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ရှိနေ

ရန်ကုန်၊ ဩဂုတ် ၁၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၅ သိန်းဝန်းကျင်အထိစံချိန်တင် စျေးတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ဝန်းကျင်စျေးရှိနေကြောင်း ပြည်တွင်းစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ ဆက်တိုက်မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ကြောင်း၊ ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ရွှေစျေးနှုန်းပါလိုက်ပါ မြင့်တက်လာကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

“ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ဒေါ်လာ ၂၄၀၀ တစ်ပတ်ချာလည်မှာပဲရှိတယ်။ မြန်မာ့စျေးက စံချိန်တင်တာက အရွက်စျေး တက်သွားလို့။ ဒေါ်လာစျေးတက်လို့ ။ မနေ့က ရွှေစျေးတအားတက်တော့ ဒီနေ့ အဖမ်းအဆီးရှိမှာ​ ကြောက်တာရယ်၊ ရွှေအသင်းကလည်း အစည်းအဝေးခေါ်တော့ ကုန်သည်တွေတော့ နည်းနည်း ရှောင်ကြတယ်။ အရောင်းအဝယ် သိပ်မလုပ်ရဲဘူး။ ရွှေအသင်းစျေးနဲ့ပဲ စျေးမေးလာရင် ဖြေကြတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင်မူ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၆၀၀၀ တွင် ဆက်လက် တည်ရှိနေပြီး လာမည့်ရုံးဖွင့်ရက် စျေးကွက် ပြန်လည် စတင်ချိန်တွင် ထပ်မံမြင့်တက်ဖွယ်ရှိနေကြောင်း၊ အဓိကအားဖြင့် ဒေါ်လာအဝယ်များ များပြားနေဆဲဖြစ်ကြောင်း စျေးကွက်အတွင်းမှ ကုန်သည်နှင့်ငွေလဲအေးဂျင့်များထံမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article