26 C
Yangon

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ်နှင့် ဘုန်းကြီးကျောင်းများလည်း ပျက်စီး

Must read

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ်နှင့် ဘုန်းကြီးကျောင်းများလည်း ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်နှင့် ဘုန်းကြီးကျောင်းများလည်း ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်းက လက်နက်ကြီး ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့ရာ ကျောက်ကြီးပေါက်ကျေးရွာကို ကျရောက်ပြီး အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သောကြောင့် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် ၏ ခမရ-၃၀၇ တပ်ရင်း၏ ရွှေဝါ အခြေစိုက် တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ငတိုးခင်ကျေးရွာအတွင်းရှိ ဒေါ်ဝိုင်းတိ အိမ်ရှေ့သို့ ကျရောက် ပေါက်ကွဲရာ အိမ်ရှင် အသက် ၉၅နှစ် အရွယ် ဒေါ်ဝိုင်းတိသည် ဘယ်ခြေသလုံးနှင့် ဘယ်ဘက်ခါးကို ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Drone ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သစ်ဖြူဆိတ်ကျေးရွာအတွင်း ကျရောက်၍ သစ်ဖြူဆိတ်ကျေးရွာနေထိုင်သူ အသက် ၆၆နှစ် အရွယ် ဦးကြည်အေး ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် ညနေ ၅နာရီ ၂၅မိနစ်ခန့်အချိန်တွင် သေဆုံးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူ ဦးတင်ထွန်းလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ် ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရပြီး နေအိမ်နှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

လယ်ဒိုမြို့နယ် အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၂၆၄ တပ်ရင်းက ဩဂုတ်လ ၁ ရက်နေ့ ၌ ချုံအင်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၂ လုံး ပစ်ခဲ့ကြောင်း၊ ဩဂုတ်လ ၂ ရက်နေ့၌ ဖျံတလင်းကျေးရွာကို ဒရုန်းဖြင့် ၁ ကြိမ် ဗုံးကျဲခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့၌ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက လက်နက်ကြီး ၁၂၀ မမ ၃၃ လုံးကို ဖျံတလင်းသရဲကုန်းကို ပစ်ခတ်ခဲ့ကြကြောင်း သိရှိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက အလှိုင်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၃၅ နှစ်အရွယ် ဦးကျော်စိုးလွင် လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး နှင့် နွား ၂ ကောင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီး ၁၂၀ မမ ဖြင့် လက်ခံ ကျေးရွာကို ၂ လုံး၊ ထိုးဝါးစိုက် ကျေးရွာကို ၄ လုံး ပစ်ခတ်ခဲ့သောကြောင့် ထိုးဝါးစိုက်ကျေးရွာမှ အသက် ၁၁ နှစ် အရွယ် နော်သဘလေးဖော လက်မောင်းနှင့် ဝမ်းဗိုက်ထိမှန်၊ စောအယ်ကိုလိုထူး၏ နေအိမ်၁ လုံး၊ စောဂေးမူး၏နေအိမ်၁ လုံးနှင့် ထိုးဝါးစိုက်ကျေးရွာ၏ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ ကြကြောင်းသိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၅၅ မမ ၂ လုံး ကျောက်မှော်ဘုရားကြီးကျေးရွာသို့ ပစ်ခတ်ခဲ့သောကြောင့် နေအိမ်၁ လုံး ပျက်စီးပြီး ၊ နွား ၂ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ကညင်ကျိုးကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့သောကြောင့် အသက် ၂၇နှစ်အရွယ် မောင်မြမ်းပိုက်ထက် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article