မင်းတုန်းမြို့နယ် အတွင်း စစ်တပ် ထုတ်ကုန် ဘီယာများ ရောင်းချနေသူများကို ရှာဖွေစစ်ဆေး အရေးယူမှုများ လုပ်ဆောင်
ရန်ကုန်၊ ဩဂုတ် ၁၁
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် ထုတ်ကုန် ဘီယာများ ရောင်းချနေသူများကို ရှာဖွေစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် မင်းတုန်းမြို့နယ် အတွင်း သွေးစွန်းငွေ ဖြတ်တောက်ရေးအဖြစ် အကြမ်းဖက် စစ်ကောင်စီ ထုတ်ကုန် boycot ပစ္စည်များ ၀ယ်ယူရောင်းချ နေခြင်းများကို Mindon Township People Defense Organization (မင်းတုန်းမြိုနယ်ပကဖ) မှ ရှာဖွေ စစ်ဆေးတားဆီး အရေးယူခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီးရမိတဲ့ ပစ္စည်းများ အားလုံး ဖျက်ဆီးပစ်ပြီး နောက်နောင် တွေ့ရှိပါက လူကိုပါ ဖမ်းဆီးမယ်လို့ ပြင်းထန်စွာ သတိပေးခြင်းမျိုး လုပ်ဆောင်ခဲ့ပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။