27 C
Yangon

အရာတော်မြို့နယ်ရှိ ၅၀၀၄ တင့်ကားတပ်ရင်းနှင့် ယင်းမာပင်မြို့နယ်ရှိ အောင်ဇေယျ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

အရာတော်မြို့နယ်ရှိ ၅၀၀၄ တင့်ကားတပ်ရင်းနှင့် ယင်းမာပင်မြို့နယ်ရှိ အောင်ဇေယျ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၀၄ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BGS Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် အရာတော်မြို့နယ်၊ ၅၀၀၄ တင့်ကားတပ်ရင်းအတွင်း အင်အား ဖြည့်တင်းရန် အကြမ်းဖက် စစ်သား ၄၀ ခန့် ရောက်ရှိနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်း ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ နေထိုင်သည့် ဘန်ကာ ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်သားနှင့် ရဲများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ULF (စစ်ကြောင်း) နှင့်အတူ KLG PDF (ဗျူဟာ အမှတ် ၄၅) ၊ PDA (ယင်းမာ ပင်ခရိုင် တပ်ရင်း ၃၅) ၊ B 21 PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ (ယင်းမာပင်ခရိုင် တပ်ရင်း ၂၇) ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ (တပ်ခွဲ ၂) နှင့် ဘိုးတော်နီတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အောင်ဇေယျကုန်းရှိ အကြမ်းဖက် စစ်သားများက အနီးအနားရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article