ရန်ကုန်၊ ဩဂုတ် ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် ညသန်းခေါင်အချိန် စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ည ၁၁ နာရီ ၄၁ မိနစ်အချိန်မှ ည ၁၁ နာရီ ၅၁ မိနစ်အချိန်အထိ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ လေယာဉ်ဖြင့် ဗုံးကျဲရာတွင် ယမန်နေ့ ည ၁၁ နာရီ ၄၁ မိနစ်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ဗုံးကျဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း TNLA က ဆိုသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုရုံးဝန်းရှိ အသက် ၃၀ နှစ်အရွယ် ဒေသ ပြည်သူ ၁ ဦး သေဆုံးသွားကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြို့မဂိုဏ်ချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး ၅ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၆ ရက်နေ့ကလည်း TNLA က အုပ်ချုပ်သည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသ ပြည်သူ ၆ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar