29 C
Yangon

မုံရွာ-အမြင့်လမ်းဘေးရှိ ထနောင်းတောတောင်ရွာ စျေးတန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

မုံရွာ-အမြင့်လမ်းဘေးရှိ ထနောင်းတောတောင်ရွာ စျေးတန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းဘေးရှိ ထနောင်းတောတောင်ရွာ စျေးတန်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ် ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့အဝင် မအူဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၆၀ မမ လက်နက်ကြီးဖြင့် မုံရွာ-အမြင့်လမ်းဘေးရှိ ထနောင်းတောတောင်ရွာ စျေးတန်းကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂၁ ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၁ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်သေဆုံးတဲ့ ပြည်သူတွေက ကျေးရွာအစုံကပဲ အမည်တွေနဲ့ ဘယ်ရွာကဆိုတာတွေတော့ ဆက်လက် အတည်ပြုနေပါတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မအူ ဂိတ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး သေဆုံးခဲ့ကြောင်း၊ မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများသည် နေ့စဥ် လက်နက်ကြီး ဒါဏ်ကို အလူးအလဲ ခံစားနေကြရပြီး ထိခိုက်သေဆုံးမှုများ များပြားလျက်ရှိကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article