26 C
Yangon

အရာတော်မြို့နယ်၊ သလဲဘာရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

အရာတော်မြို့နယ်၊ သလဲဘာရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၅ နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃ ဦး၊ ငွေတွင်းရွာမှ ပျူစောထီး ၁ ဦးနှင့် သလဲဘာရွာမှ ပျူစောထီး ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစုများဘက်မှလည်း တပ်ရင်း ၁၉ မှ ရဲဘော် ၁ ဦး နှင့် zero အဖွဲ့ ရဲဘော် ၁ ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရန်သူ့ စခန်းပတ်လည် နင်းမိုင်းတွေကြားမှာ ခက်ခဲစွာ ကြိုးစားတိုက်ခိုက်ခဲ့တာပါ။ စခန်းသိမ်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အရာတော် လေ့ကျင့်ရေး ၁၀ ထိုင်တပ်ကနေ လက်နက်ကြီး ပစ်ကူတယ်။ ငွေတွင်းပျူစောထီး အထိုင်စခန်း ကနေလည်း လက်နက်ကြီး မနားတမ်း ပစ်ကူပေးတာတွေ မြေပြင်ကလည်း စစ်ကူအနေနဲ့ လေ့ကျင့်ရေး ၁၀ ၊ ငွေတွင်း ပျူစောထီးတွေ အများပြား ရောက်ရှိလာတဲ့အတွက် စခန်းသိမ်းနိုင်ခြင်းတော့ မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၂၁ ၊ ၁၉ ၊ ၂၆ ၊ ၂၂ ၊ Zero ဦးဆောင်သော ရွှေဘိုမြိုနယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ Shwebo Crocodile ၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘိုအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းစစ်သည် အဖွဲ့၊ ရွှေဘိုအားမာန် အဖွဲ့၊ HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Zay Yar Thawed ၊ YAUNG NI ၊ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BO BA Taw (LDF) ရွှေဘိုမြိုနယ် တလရ တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article