27 C
Yangon

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို ဖမ်းဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် ၅၆ နှင့် ၅၇ အတွင်းရှိကျွန်းနုပင်များအား ခုတ်ယူ သယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိ၍ ၎င်းကျွန်းနုပင်များအား ထပ်မံခုတ် ယူခြင်း မပြုလုပ်ကြရန် သတိပေးပြောဆိုကာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တော သယံဇာတ များအားလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်မှုများကို မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များအား ခိုး ထုတ်သူများကို လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article