27 C
Yangon

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၁၈၅ ဦးကို MNDAAက ငွေကျပ် ၅၀၀၀၀ ဆီ ထောက်ပံ့ပြီး ၇ ကြိမ်မြောက် ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၁၈၅ ဦးကို ငွေကျပ် ၅၀၀၀၀ ဆီ ထောက်ပံ့ပြီး ၇ ကြိမ်မြောက် ပြန်လွှတ်ပေးခဲ့ကြောင်း MNDAA က ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် လားရှိုးမြို့ သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိသော စစ်သုံ့ပန်း မိသားစုဝင် ၁၈၅ ဦးကို MNDAA က ထပ်မံ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အသုတ်လိုက်ခွဲပြီး ပြန်လွှတ် ပေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြန်လွှတ်ပေးသည်မှာ အကြိမ်ပေါင်း အနည်းဆုံး ၇ ကြိမ်မြောက်ဖြစ်ပြီး လူဦးရေ ၂၀၀၀ ကျော် ပြန်လွှတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၂၉၆ ဦး ၊ ဩဂုတ်လ ၁၁ ရက်နေ့က ပြင်းထန်ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးကိုလည်း MNDAA က လွှတ်ပေးခဲ့ပြီး ထိုသို့လွှတ်ပေးရာတွင် SSPP နှင့်ချိတ်ဆက်ကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

MNDAA တပ်ဖွဲ့သည် ဩဂုတ်လ ၆ ရက်နေ့ကစတင်ပြီး လားရှိုးမြို့မှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း နှင့် မိသားစုဝင်များကို ပြန်လွှတ်ပေးလျက်ရှိရာ လက်ရှိချိန်တွင် စစ်သုံ့ပန်း မိသားစုဝင် ၂၀၀၀ ကျော်နှင့် စစ်သုံ့ပန်း ၃၄၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article