27 C
Yangon

ပေါက်ခေါင်းမြို့နယ်၊ ဒလမဲရွာနှင့် ရွှေဂူရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး PDF တပ်ဖွဲ့ဝင်များဟု စွတ်စွဲကာ ရုပ်အလောင်းများ စွန့်ပစ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဒလမဲရွာနှင့် ရွှေဂူရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး PDF တပ်ဖွဲ့ဝင်များဟု စွတ်စွဲကာ ရုပ်အလောင်းများ စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်အတွင် ဆိုင်ကယ် လိုင်စင် အကြောင်းပြ၍ မတရားဖမ်းဆီးခံထားရသော ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ ဒလမဲရွာနှင့် ရွှေဂူရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF တပ်ဖွဲ့များဟု စွတ်စွဲကာ သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၂ ဦးမှာ ဒလမဲရွာမှ ကိုနေသူလှိုင် (ခ) ကိုအာင်ရွှေ နှင့် ရွှေဂူရွာ မှ အမည်မသိ ပြည်သူတစ်ဦးဖြစ်ကြောင်း ဒေသပြည်သူများက ရှင်းပြသည်။

“အဲ့ဒီ အသတ် ခံလိုက်ရတဲ့ ကောင်လေးတွေက ဆိုင်ကယ် လိုင်စင်ကိစ္စနဲ့ ဖမ်းဆီးခံရတဲ့ သူတွေပါ။ ဒလမဲရွာက ကောင်လေးက ပေါင်းတလည်မှာ အဖမ်းခံရတာပါ ဇူလိုင်လ ၂၄ ရက်နေ့က ဖမ်းခံရတာ PDF တပ်ဖွဲ့ဝင်တွေလည်း မဟုတ်ပါဘူး။ ရပ်ရွာထဲမှာ အေးအေးဆေးဆေးနေထိုင်တဲ့ ပြည်သူတွေပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article