27 C
Yangon

နွားထိုးကြီးမြို့နယ်၊ တစိုးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရှေးဟောင်း သမိုင်းဝင် စေတီ ၂ ဆူ ပျက်စီး

Must read

နွားထိုးကြီးမြို့နယ်၊ တစိုးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရှေးဟောင်း သမိုင်းဝင် စေတီ ၂ ဆူ ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တစိုးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ရှေးဟောင်း သမိုင်းဝင် စေတီ ၂ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် မြင်းခြံမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းက သူစိုးကျေးရွာ (ခ) တစိုးကျေးရွာအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အင်းဝမိဖုရားကြီး တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် လှိုင်ရှည် စေတီတော်နှင့် ရွှေစင်ပွင့် ဘုန်းရာအတွင်းရှိ စေတီငယ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရ သည်။

“မြင်းခြံခမရ စစ်တပ်ကနေ လက်အောက်ခံတပ်က နေ့တိုင်း လိုလို ပစ်ခတ်နေတာ၊ ၁၄ ရက် နေ့က လက်ဝဲ+မြင်းနီရွာ ရွှေပွင့်စင် ဘုရားအတွင်းမှာရှိတဲ့ စေတီငယ် တစ်ဆူပါ လက်နက်ကြီး ၂ လုံးကျလို့ ပျက်စီးသွားတာ၊ အနီးအနားမှာရှိတဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ပြည်သူတွေတော့ ထိ ခိုက်မှုရှိပါဘူး” ဟု ဒေသသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO) စတင်ခဲ့သည့် သြ ဂုတ် ၁၀ ရက် နောက်ပိုင်းမှစ၍ နွားထိုးကြီး၊ တောင်သာမြို့နယ်များဘက်သို့ ခမရ ၁၅ တပ်မှ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article