27 C
Yangon

ပေါက်ခေါင်းနှင့်မုံရွာမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့်ညောင်ဖြူပင်ရဲစခန်း ကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိ

Must read

ပေါက်ခေါင်းနှင့်မုံရွာမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့်ညောင်ဖြူပင်ရဲစခန်း ကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိ

ရန်ကုန်၊ ဩဂုတ် ၁၇

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း တော်လှန်ရေးတပ်များမှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဂွေးတောက်ရွာအနီးတွင် ပဲခူးရိုးမတောင်ခြေရင်းကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာလာသော အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို

တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းကို အသင့်ထောင်ထားသောပဒေသာမိုင်းများဖြင့် ၃ ကြိမ်ဆွဲ၍ တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီများဘက်မှ စစ်သား ၃ ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း၊ ဒဏ်ရာရသူ ၃ ဦးကို ပုခက်များဖြင့် သယ်ဆောင်ပြီး လက်ကြီးကျေးရွာဘက်သို့ စစ်ကြောင်း ထွက်ခွာသွားကြောင်းး ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းနှင့် ပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အထိနာသွားသော စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်းပြည်သူကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီဝန်းကျင်အချိန် မုံရွာမြို့နယ် တောင်ဘက်ရှိ ညောင်ဖြူပင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်းအမှတ်၂၃ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ညောင်ဖြူပင်ရဲစခန်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လက်ကလေးများဖြင့် ပြန်လည်ပစ်ခတ်ရာမှာ တော်လှန်ရေးရဲဘော်တစ်ဦး လက်မောင်း ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရှိရသည်။

ညောင်ဖြူပင်ရဲစခန်း တိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ-၃၊ တပ်စိပ် ၁ ၊ တောင်ပံနီ အထူး ပြောက်ကျား တပ်ဖွဲ့ (Salingyi)၊ 5/Fighter Group(Monywa) ၊ Chindwin Dynamite (Salingyi)၊ Fighter Nine Forces (Salingyi)၊ AK ပြောက် ကျားတပ်ဖွဲ့၊ SBTF(Salingyi) ၊ Red Phoenix Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃ တပ်ခွဲ-၃၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Vote Fighter ၊ မုံရွာခရိုင်တပ်ရင်း၅၊၈၊၉၊၁၀(ဗျူဟာတပ်ရင်း)၊ မုံရွာခရိုင်တပ်ရင်း-၂၈ ၊ မုံရွာခရိုင်တပ်ရင်း-၂၃ တပ်ခွဲ(၄)တပ်ခွဲ၂၊တပ်ခွဲ၃၊တပ်ခွဲ၁၊တပ်ခွဲ၅၊ မုံရွာခရိုင်တပ်ရင်း-၂၅၊ မုံရွာခရိုင်တပ်ရင်း-၁၁ ၊ မုံရွာ ခရိုင် တပ်ရင်း၂၇ တပ်ခွဲ-၄၊ကမျဥ်းနီလက်နက်ကြီးတပ်ဖွဲ့ တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article