26 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်ပြန်လည် မြင့်တက်၊ ရွှေစျေးမှာ သိန်း ၈၀ ကျော် ပြန်လည်ရောက်ရှိ

Must read

အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်ပြန်လည် မြင့်တက်၊ ရွှေစျေးမှာ သိန်း ၈၀ ကျော် ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်ပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“မနေ့က တစ်ဒေါ်လာ ၆၀၀၀ ဝန်းကျင်နဲ့ စျေးပိတ်တာ။ ဒီနေ့တော့ ငွေစျေးက တအိ အိကို ပြန်တက်တာ။ အခု တစ်ဒေါ်လာကို ၆၄၀၀ အထိစျေး တက်နေတာ။ စျေးက အတက်ကိုပဲ ပြနေတယ်။ ပိတ်ရက်ကို အတက်ပြနေတာ” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ထိုင်းတစ်ဘတ်လျှင် ၁၈၀ ကျပ်အထိ စျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဟွန်ဒီငွေလဲများတွင် ကျပ်ငွေကို ထိုင်းဘတ်သို့ ပြောင်းလဲမှု အလွန်များပြားကြောင်း သိရှိရသည်။

“ဘဏ်ကျပ်ငွေ အလွှဲတွေ အရမ်းများတယ်။ ထိုင်းဘတ်ကလည်း တဖြည်း ဖြည်းကို တက်လာတာ။ ကျပ်ပေး ဘတ်ယူ မှာ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၅၄၀ ဝန်းကျင်မှာရှိတယ်။ ဘတ်ပေး ကျပ်ယူကိုတော့ မြန်မာငွေ ၁ သိန်းကို ၅၈၀ ဘတ် လောက်ရှိတယ်။ အခုက ကျပ်စျေး အကျပဲပြနေတယ်” ဟု ထိုင်း-မြန်မာဟွန်ဒီငွေလွှဲလုပ်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာသည် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၇၀၀၀ ကျပ်ကျော်အထိ ထိုးတက်ခဲ့ပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၂၀၀ အထိ စံချိန်တင်စျေးနှုန်းမြင့်တက်ခဲ့သည်။

လက်ရှိ ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း ၈၀ နှင့် ၈၁ သိန်းအကြား စျေးပေါက်နေကြောင်း ၊ စံချိန်တင် ဖြစ်ပေါ်ခဲ့သော ငွေကျပ် ၈၅ သိန်းသို့ ပြန်လည်ဦးတည်နေကြောင်း သိရှိရသည်။

“ရွှေစျေးက ကမ္ဘာ့စျေးတက်တော့ မြန်မာ့စျေးလိုက်တာ။ အရွက်စျေးရော ရွှေစျေးရော တက်တော့ မြန်မာ့ရွှေစျေးက ပိုတက်နေတာ” ဟု ရန်ကုန်ရွှေကုန် သည်တစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article