28 C
Yangon

မုံရွာထောင်တွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြမှုကြောင့် နိုင်/ကျဉ်း ၁၇ ဦး ကို တရားစွဲထားမှု ရှေ့နေ ငှားရမ်းချေပရန် အချိန်မပေးဘဲ အမှုစစ်ဆေးမှုများ အလျင်အမြန် လုပ်ဆောင်နေ

Must read

မုံရွာထောင်တွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြမှုကြောင့် နိုင်/ကျဉ်း ၁၇ ဦး ကို တရားစွဲထားမှု ရှေ့နေ ငှားရမ်းချေပရန် အချိန်မပေးဘဲ အမှုစစ်ဆေးမှုများ အလျင်အမြန် လုပ်ဆောင်နေ

ရန်ကုန်၊ ဩဂုတ် ၂၁

မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြမှုနှင့် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြခဲ့ကြသည်ဆိုကာ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို တရားစွဲဆိုထားသည့် အမှုတွင် တရားစွဲခံ နိုင်ကျဉ်းများကို ရှေ့နေငှားရမ်းချေပရန် အချိန်မပေးဘဲ အမှုစစ်ဆေးမှုများ အလျင်အမြန်ဆောင်ရွက်နေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ထံမှ သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် မုံရွာထောင်၌ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည့် ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ ကိုစန်းမြင့်လွန်အပါအဝင် နိုင်ကျဉ်း ၁၇ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၁၄၇ (လူစုလူဝေးဖြင့် ဆူပူမှု) အရ တရားစွဲဆိုမှုကို ဩဂုတ်လ ၁၉ ရက်နေ့တွင် အမှုစတင်စစ်ဆေးခဲ့သော်လည်း တရားစွဲခံရသူများကို ရှေ့နေငှားရမ်းချေပရန် အချိန်မပေးဘဲ အမှုစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တရားစွဲခံ နိုင်ကျဉ်းများက ရှေ့နေငှားမည် ၊ အမှုတွဲ မိတ္တူကူးမည်ဟု ပြောကြားခဲ့သော်လည်း မုံရွာမြို့နယ် တရားသူကြီး ဦးထက်အောင်ဇော်က အချိန်မပေး၍ နိုင်ငံရေးအကျဉ်းသားများသည် အမှုတွဲများ၊ တိုင်ချက်များကို မဖတ်ရသည့်အပြင် ရှေ့နေအကူအညီလည်း မရဘဲ အမှုရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ၏ ပြောဆိုချက်ကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိ တရားစွဲဆိုခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးတွင် မဆိုင်သည့်သူများလည်း ပါဝင်နေကြောင်း၊ မုံရွာထောင်တွင် ဖြစ်ပွားခဲ့သည့် အစာငတ်ခံဆန္ဒပြမှုနှင့် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြမှု ဖြစ်စဉ် ၂ ခုလုံးတွင် ပါဝင်ခဲ့သည့် ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်၊ ကိုဘုန်းမြင့်အောင်၊ ကိုအောင်ချမ်းမြေ့တို့ အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား ၃၁ ဦးတို့က ၎င်းတို့ကို တရားစွဲဆိုရာတွင် ထည့်သွင်းရန်နှင့် ဖြစ်စဉ်တွင်အမှန်တကယ် မပါခဲ့သူများကို တရားခံစာရင်းမှ ပယ်ဖျက်ပေးရန် တင်ပြသည့် စာကိုလည်း ထောင်အာဏာပိုင်များက တရားရုံးသို့ တင်ပြပေးခြင်းမရှိဘဲ ဖုံးဖိထားကြောင်း ၊ လက်ရှိအခြေအနေသည် ထောင်အာဏာပိုင်နှင့် တရားရုံး လက်ဝါးချင်းရိုက်ကာ ဖုံးဖုံးဖိဖိ ဖြေရှင်းနေကြသည့် ပုံပေါ်နေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article