29 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မကွေးတိုင်းက မြိုင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူး ပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးကတော့ သေကုန်ကြ တဲ့အပြင် ၊ ၅ ဦးက လက်နက်ချ အဖမ်းခံခဲ့ပြီး ၊ စစ်သားအလောင်းတွေနဲ့ အတူ လက်နက် ၁၈ လက်နဲ့ ခဲယမ်းတွေပါ သိမ်ဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ နဲ့ အညာမြေ တပ်ပေါင်းစု ရဲ့ တာဝန်ရှိသူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဧရာဝတီတိုင်းက မြန်အောင် နဲ့ ကြံခင်း မြို့နယ်တွေမှာ အာရက္ခတပ်တော် AA နဲ့ PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတွေက ကင်းစောင့်ခိုင်းတာတွေပါ လုပ်နေပြန်တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ မြန်မာကျပ်ငွေ တန်ဖိုးဟာ ၈၀ ရာခိုင်နှုန်းအောက်ကို ထိုးကျသွားပြီး နိုင်ငံရဲ့ စီးပွားရေးဟာလည်း ၅၀ ရာခိုင်နှုန်းအောက်ကို ထိုးကျသွားခဲ့ရပြီလို့ စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာရှောင်တာနယ်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article