26 C
Yangon

နောင်ချိုမြို့နယ်အတွင်း စစ်အင်အား ဖြည့်တင်းလာသော စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

Must read

နောင်ချိုမြို့နယ်အတွင်း စစ်အင်အား ဖြည့်တင်းလာသော စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

ရန်ကုန်၊ ဩဂုတ် ၂၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း TNLA က ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းတွင် အကြမ်းဖက် စစ်တပ်၏ ၄၅၃ တပ်နှင့် တောင်​ရှည်ဘုန်းတော်ကြီးကျောင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်း၊ ညနေ ၅ နာရီ ၄၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ၄၅၃ နှင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် တောင်ခြေဘုန်းတော်ကြီးကျောင်းတို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်းတိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်တပ်က Y12 ဖြင့် ၁ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ၂ ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article