32 C
Yangon

ပေါက်နှင့်လယ်ဒိုရှိ ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကိုင်းလယ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တာဝါတိုင်ကုန်းကို ၁၂၂ မမ ဖြင့် ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နွေဦးတော်လှန်ရေး -မြိုင်မြို့ က တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ် မီဒီယာကိုပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် ပေါက်မြို့နယ် ကပစ ၂၄ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကိုင်းလယ်ကျေးရွာ တာဝါတိုင်ကုန်းကို ၁၂၂ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီး ပစ်ခတ်မှုကြောင့် ထွန်စက် ၁ စီး၊လှည် ၁စီး၊ တဲ ၁လုံးနှင့် စပါးသိုလှောင်ထားသော တိုင်ကီပုံး ၁ ပုံးပျက်စီး ခဲ့ရပြီး ကျွဲ ၃ ကောင် သေဆုံးခဲ့ရကြကြောင်း KNU ဗဟိုကပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၂၄ မိနစ်တွင် လယ်ဒိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၃ လုံးကို ပစ်ခတ်ခဲ့ရာ ကုန်းမြင့်သာ ကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပဒဲကောကျေးရွာတွင် နေထိုင်သော စောယာကို မွေးမြူထားသော ကျွဲ ၃ ကောင် ထိခိုက် သေဆုံးခဲ့ရပြီး စောယာကို၏ ထွန်စက် ၁ စီး၊ စောနိုးနိုး၏ လှည် ၁ စီး တဲ ၁ လုံးနှင့် စပါးသို လှောင်ထား သော တိုင်ကီပုံး ၁ ပုံး တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ် နှင့် ၃ နာရီ အချိန်တို့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် မိုးခိုကျေးရွာနှင့် ရွှေခါးမိုး ကျေးရွာတို့အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article