30 C
Yangon

ပွင့်ဖြူနှင့် စေတုတ္တရာ နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

ပွင့်ဖြူနှင့် စေတုတ္တရာ နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၂၃

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မဲဇလီရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝန်လိုရွာနှင့် ခိုနန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ပျက်စီးသွားပြီး တန်ဖိုးရှိ ပစ္စည်းများ၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို ယူဆောင်သွားကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသည့် ဆိတ်၊ နွားနှင့် အိမ်မွေး တိရစ္ဆာန်များကိုလည်း သတ်ဖြတ် စားသောက်သွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ၁၆ ရက်နေ့မှာ မဲဇလီရဲစခန်းမှာ စုဖွဲ့ပြီး ၁၇ ရက်နေ့မှာ စစ်ကြောင်းစထိုးတယ်။ ပြည်သူပိုင် နေအိမ်တွေကိုလည်း ဖျက်ဆီးသွားတယ်။ တန်ဖိုးရှိ ပစ္စည်းတွေ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်။ နောက်ပြီး ပြည်သူတွေ မွေးမြူထားတဲ့ ဆိတ်၊ နွားနဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားတယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၂၁ ရက်နေ့တွင် ပြန်လည် ဆုတ်ခွာသွားပြီး မင်းဘူးခရိုင်အမှတ်(၄)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်း၊ Yenanthar Youth Force LPDF အဖွဲ့တို့မှ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article