33 C
Yangon

တောင်ပိုင်းစစ်​​ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ရဲဘော်သစ် သင်တန်းများ ခေါ်ယူနေ

Must read

တောင်ပိုင်းစစ်​​ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ရဲဘော်သစ် သင်တန်းများ ခေါ်ယူနေ

ရန်ကုန်၊ ဩဂုတ် ၂၅

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF တောင်ပိုင်းစစ်​​ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့) က ရဲဘော်သစ် (သင်တန်းသား) များကို စနစ်တကျ စိစစ်လက်ခံလျှက် ရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှုး ရဲဘော်အောင်စံရှား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ် ပေါ်ထွန်းရေးသည် နိုင်ငံသားအားလုံး၏ အဓိက တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် SOF နှင့်အတူ အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများကို ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း သိရသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တွင် တပ်ဖွဲ့ဝင်လိုသူများအနေဖြင့်

၁။ အသက် (၁၈) နှစ်နှင့် (၃၅) နှစ်အတွင်းဖြစ်ရမည်။ ကျမ်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်ရမည်။ ဆုံးဖြတ်ချက်ပြတ်သားရမည်။

၂။ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွန်းမံသင်တန်းများပါ ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်ရမည်။

၃။ သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှ ပေးအပ်သည့်တာဝန်နှင့် စုဖွဲ့မှုအတိုင်း တောင်ပိုင်းစစ်ဒေသ၏ မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်ရမည်။

၄။ MOD မှချမှတ်ထားသည့် စစ်စည်းကမ်း ကျင့်ဝတ်များ၊ SOF စည်းမျဥ်းစည်းကမ်းများအတိုင်း တိကျစွာ လေးစားလိုက်နာနိုင်ရမည်။

၅။ အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်၍တာဝန်ပေးအပ်ပါက နောက်ထပ် (၂) နှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရမည်။

စာရင်း ပေးသွင်း လိုသူများ အနေဖြင့် SOF တပ်ဖွဲ့ ၏ Facebook Page ဖြစ်သော https://www.facebook.com/profile.php?id=61555478890383 မှ ဆက်သွယ်နိုင်ကြောင်း SOF တပ်ဖွဲ့မှ တပ်ဖွဲ့မှုး ရဲဘော်အောင်စံရှား ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article