26 C
Yangon

ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများကို ဆက်လက် ထောက်ခံဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆိုပြန်

Must read

ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများကို ဆက်လက် ထောက်ခံဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆိုပြန်

ရန်ကုန်၊ ဩဂုတ် ၂၆

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများကို ဆက်လက် ထောက်ခံနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ထုတ်ပြန်ပြောဆိုပြန်သည်။

ယမန်နေ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့် အောက်မေ့သတိရခြင်းအဖြစ် သတင်းထုတ်ပြန်ချက်တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများအတွက် မိမိတို့၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲ တည်မြဲလျက်ရှိသကဲ့သို့ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြပါရန် သက်ဆိုင်သူအားလုံးကိုလည်း အမေရိကန်က ဆက်လက်တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းများ၊ အထူးသဖြင့် ရိုဟင်ဂျာများ ရင်ဆိုင်တွေ့ကြုံနေကြရသည့် အခက်အခဲများကို ပိုမိုဆိုးရွားစေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် တစ်သားတည်း ရပ်တည်နေပြီး ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများပေးအပ်ရန် သံန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုထားသည်။

Antony Blinken, US Secretary of State speaks during the NATO Women, Peace, and Security Reception during the 75th NATO Summit at the U.S. Department of State in Washington, DC, United States of America on July 9th. (Photo by Beata Zawrzel/NurPhoto via Getty Images)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article