27 C
Yangon

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ဝေဟင်နှင့် မြေပြင် စစ်ရေးကင်းလှည့်မှုများလုပ်ဆောင်

Must read

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ဝေဟင်နှင့် မြေပြင် စစ်ရေးကင်းလှည့်မှုများလုပ်ဆောင်

ရန်ကုန်၊ ဩဂုတ် ၂၆

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ဝေဟင်နှင့် မြေပြင် စစ်ရေးကင်းလှည့်မှုများလုပ်ဆောင်နေကြောင်း တရုတ်စစ်တပ်က တရားဝင်ကြေ ညာသည်။

ယနေ့ ဩဂုတ် ၂၆ ရက်နေ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသ ကြည်းတပ်က တရုတ်-မြန်မာနယ်စပ် ရွှေလီ၊ ကိုးကန့် ဒေသ နယ်စပ် တရုတ်ပြည် ဘက်ခြမ်း ကိန်းမာ ခရိုင် မုန်တင့် နှင့် ကျန်းခမ်း ခရိုင်တွင်ပါ ကင်းလှည့်ကြောင်း၊ မြေပြင်နှင့်ဝေဟင်လှည့်ကင်းကို ပူးတွဲ ကင်းလှည့်မှုများပြုလုပ်လျက် ရှိကြောင်း၊ အဆိုပါ ကင်းလှည့်မှု၏ ရည်ရွယ်ချက်မှာ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဖြစ်ကြောင်း တရုတ်စစ်တပ်က ဆိုသည်။

မြန်မာနိုင်ငံဘက်အခြမ်း၊ ရှမ်းပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ တိုးပွားလာမှုကြောင့် လုံခြုံရေးစိုးရိမ်မှုများ များပြားလာချိန် တရုတ်နိုင်ငံက မြန်မာနယ်စပ်အနီးတွင် စစ်ရေးကင်းလှည့်မှုတွေ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ မတည်မငြိမ်ဖြစ်နေသော အခြေအနေက တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ပြောဆိုကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ်စစ်တပ်မှ သံချပ်ကာကားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article