27 C
Yangon

အမေရိကန်အစိုးရ လုံခြုံရေးအကြံပေးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့အရေး ပါဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် အမေရိကန်အစိုးရ လုံခြုံရေးအကြံပေး Jake Sullivan နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာ့အရေး ပါဝင်ကြောင်း အမေရိကန်သမ္မတ၊ အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၇ ရက်နေ့မှ ဩဂုတ် ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ထိုသို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးဆွေးနွေးမှုမှာ အကြောင်းအရာ်တစ်ခုအဖြစ်ပါဝင်ကြောင်း၊ အဓိက အားဖြင့် အမေရိကန်နှင့်တရုတ်တို့အကြား ဆက်ဆံရေး ပြေလည်စေရေး ကိစ္စများ၊ ဒေသတွင်း ကိစ္စများကို ဦးတည်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၊ မြန်မာနှင့်အရှေ့အလယ်ပိုင်းဒေသ အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့ရာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးသည့်အကြောင်းအရာများကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိဘဲ အဓိကအားဖြင့် အမေရိကန်က မြန်မာစစ်တပ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ရန်၊ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန်တို့ကို အစဉ်တစိုက်တောင်းဆိုလျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article