27 C
Yangon

စစ်တပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူပေးရန်အတွက် အထည်ချုပ်အလုပ်သမားများက တောင်းဆိုသည့် သပိတ်ကမ်ပိန်းပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

ပြည်တွင်း ပြည်ပမှ အထည်ချုပ်အလုပ်သမားများက မြန်မာစစ်တပ်ကို ILO ပုဒ်မ ၃၃,အရ အရေးယူပေးရန်အတွက် တောင်းဆို သပိတ်ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းခွင်အတွင်းအကြမ်းဖက်စစ်တပ်၏ လက်နက်ဖြင့် ခြိမ်းခြောက် ဖိနှိပ်ခံရခြင်းနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း အလုပ်သမားများ၏ သတင်းအချက်အလက်များကို ကောက်ခံခြင်းများကို ပြုလုပ်လျက်ရှိ၍ အလုပ်သမားများသည် အဓမ္မ စစ်မှုထမ်းခိုင်းစေမှုကို စိုးရိမ်ချက်များစွာ ရှိနေကြောင်း၊ အခြေခံ အထည်ချုပ် အလုပ်သမားများအနေဖြင့် ပြည်သူများအပေါ်တွင် အကြောက်တရားဖြင့် ဖိနိုပ်အုပ်ချုပ်နေသည့် အာဏာရှင် စစ်တပ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ပုဒ်မ (၃၃)အရ အရေးယူပေးပါရန် တောင်းဆိုသည့် ကမ်းပိန်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ILO အုပ်ချုပ်ရေးအဖွဲ့ ၏ အစည်းအဝေးတွင် စစ်အုပ်စုကို ပုဒ်မ ၃၃ အရ အရေးယူဖို့အတွက် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်တွင် ဆွေးနွေးကြမည်ဖြစ်၍ အထည်ချုပ်အလုပ်သမားများသည် စစ်အာဏာရှင်အောက်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ရင်ဆိုင်နေရပြီး စစ်ကောင်စီ ဖြုတ်ချရေး ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမားများက ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article