ရန်ကုန်၊ ဩဂုတ် ၂၉
အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းနေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ် နင်းရေးအဖွဲ့ တွင် ပါဝင်နေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ – AD ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံထားသော အဖွဲ့များသည် အင်အားဆုတ်ယုတ်နေသည့် အကြမ်းဖက်စစ်ကောင်စီက အင်အား ဖြည့်ဆည်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အောက်ခြေ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအပါအဝင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရေး ပါဝင် အကောင်အထည်ဖော်မည့်သူများအားလုံးကို အရေးယူမည်ကို တရားဝင် သတိပေးစာ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ လှုပ်ရှားနယ်မြေမှာရှိတဲ့ လူ အားလုံး ။ အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အားလုံး ဒီလုပ်ငန်းအပေါ်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ကျွန်တော်တို့ အသိပေးတာပါ” ဟု န်ပြည်သစ်ပါတီ – AD ၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက် ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးတွင် ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နစ်အထိ အမျိုးသားများအားလုံးကို အစည်းအဝေးခေါ်ယူနေကြောင်း၊ အဆိုပါ အဖွဲ့များတွင်ပါဝင်မည့် သက်ကြီးပိုင်း အမျိုးသားများသည် စစ်သင်တန်း ၁ လတက်ရမည်ဖြစ်ပြီး စစ်တပ်နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar