27 C
Yangon

ထားဝယ်မြို့နယ်၊ ကျောက်ဆိပ်ကုန်းရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ထားဝယ်မြို့နယ်၊ ကျောက်ဆိပ်ကုန်းရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်ဆိပ်ကုန်းရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း YePhyu People Defence Force – YPPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ကျောက်ဆိပ်ကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်မှု ၂ နာရီ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦးအရှင်ဖမ်းမိပြီး MA-4 ေသနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု၊ ၄၀-မမ ဗုံးသီး ၂ လုံး နှင့် ၆၀-မမ ၃ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ) နှင့် “သာဂရစ-စ်ကြောင်း” တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန် တိုးမြှင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက် အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းကြရန် YePhyu People Defence Force – YPPDF တပ်ဖွဲ့ အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article